the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခရိုင်တိုင်းရင်းဆေးမှူးများအား လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းပေးခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူး၍ ခရိုင်တိုင်းရင်းဆေးမှူးများအား လုပ််ငန်းခွင်ကျွမ်းကျင်မှုသင်တန်းပေးခြင်းကို ၁၆. ၉. ၂၀၁၉ ရက်နေ့မှ ၁၈.၉.၂၀၁၉ ရက်နေ့အထိ ခုတင် ၁၀၀ ဆံ တိုင်းရင်းဆေးရုံ နေပြည်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၁၈.၉.၂၀၁၉ ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း၌ တိုင်းရင်းဆေးပညာဦးစီးဌာန ဖွံဖြိုးရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးက တိုင်းရင်းဆေးပညာပေးသင်တန်းများ ပြုလုပ်ရာတွင် ဆောင်ရွက်ရမည့် သင်တန်းစီမံချက်ရေးသားပြုစုခြင်း၊ စီမံချက် အကောင်အထည်ဖော်ရန်ခွင့်ပြုချက်ရယူခြင်းတို့ကို သင်ကြားပို့ချခဲ့ပြီး အုပ်စုအလိုက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ဖွံ့ဖြိုးရေးဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နေနေနိုင်ရည်က မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ အား သင်ကြားပို့ချပေးခဲ့ပြီး ဦးစီးအရာရှိ၊ ဒေါ်မိုးမိုးသန်း က ဖွံဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့