ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၀-၂၀၂၆) ရက်၊ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်သောအဖွဲ့သည် အလုံအလယ်ပိုင်းဓမ္မာရုံသို့ သွားရောက်၍ “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်” အကြောင်း ကို လူဦးရေ (၅၀)ဦးခန့်အား အသိပညာပေး ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

