ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၁-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အမာကြည် ပါဝင်သော အဖွဲ့သည် ပဲနွယ်ကုန်းမြို့ တပင်ရွှေထီး (တောင်ခြမ်း)မူလတန်း (လွန်)ကျောင်းသို့ သွားရောက်၍ ကျောင်းကျန်းမာရေး ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျောင်းသား (၁၉)ဦး၊ ကျောင်းသူ (၃၆)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၆၈)ဦးတို့အား “အအေးမိနှာစေးရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်” တို့အား အသိပညာပေးဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

