ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၁-၂၀၂၆) ရက်နေ့တွင် မြောင်းမြမြို့၊ သရက်ကုန်းကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား (၁၄)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၃၄)ဦးအား ဆေးကုသမှုပေးခဲ့ပြီး "ကျီးပေါင်း ရောဂါအကြောင်း"ကို အသိပညာပေးဟောပြောခဲ့ရာ လူဦးရေ (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

