ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရခိုင်ပြည်နယ်မှ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်စိန်နှင့် ဆေးရုံအုပ် ဒေါ်ကြည်ကြည်သန်း တို့ဦးဆောင်သောအဖွဲ့သည် ၅.၇.၂၀၂၅ ရက်နေ့တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများစုရပ်ဖြစ်သော သံဃရာဇာဝိဟာရကျောင်းသို့ ကွင်းဆင်း၍ မိုးရာသီတွင် ဖြစ်တတ်သော ရောဂါများအကြောင်း အသိပညာပေးဟောပြောပြီး လူကြီး ၇၆ ဦး၊ ကလေး ၂၅ ဦး စုစုပေါင်း ၁၀၁ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါသည်။
တိုင်ရင်းသားရေးရာဝန်ကြီးမှလည်း လှည့်လှည်ကြည့်ရှု၍အားပေး၍ လိုအပ်သည်များကို လမ်းညွှန်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။