the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အမျိုးသားပရဆေးဥယျာဉ်၌ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏ ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အမျိုးသားပရဆေးဥယျာဉ်၌ နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏  ပြင်ပလူနာဌာနခွဲ ဖွင့်ပွဲအခမ်းအနားကို  နေပြည်တော်၊ အမျိုးသားပရဆေးဥယျာဉ်၌  ၃၀-၇-၂၀၂၃ ရက်နေ့ နံနက်  (၀၈:၄၅) နာရီက ကျင်းပပြု လုပ်ရာ- ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးတို့က ဖွင့်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ဆေးခန်းအတွင်း လူနာ မှတ်ပုံတင်ဌာန၊ လူနာစမ်းသပ်ခန်းနှင့် လူနာကုသခန်းတို့အားလှည့်လည်ကြည့်ရှုပြီး လူနာအား ဆေးအဆီလိမ်း၍ ကြပ်ထုပ်ထိုးကုသနေခြင်းကို ကြည့်ရှုအားပေး၍ တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်လုပ်သော  ဝိသမအဖျားပျောက်ဆေးဖြင့် လူနာများ ကုသပေးနေမှု အခြေအနေကို မေးမြန်းကာ ဝိသမအဖျားပျောက်ဆေးအား ကိုဗစ်-၁၉ ရောဂါသာမက ရာသီတုပ်ကွေးရောဂါများကိုပါ အသုံးပြုရန် လမ်းညွှန်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယခင်နှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် တွင် ကျန်းမာရေးဝန်ကြီးဌာနက စိုက်ပျိုးခဲ့သည့် ပရဆေးပင်များ ရှင်သန်ဖြစ်ထွန်းနေမှုကို လှည့်လည် ကြည့်ရှုပါသည်။

ပြည်သူလူထု၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် လက်လှမ်းမီ ပိုမိုစောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၏  ပြင်ပလူနာဌာနခွဲကို ဖွင့်လှစ်ခြင်းဖြစ်ကာ အပတ်စဉ်  တနင်္လာနေ့ မှ သောကြာနေ့အထိ အစိုးရရုံးဖွင့်ရက်များတွင်  နံနက်(၈)နာရီမှ ညနေ(၁၆:၃၀) နာရီ ထိ ဆေးခန်းဖွင့်လှစ်ကုသပေးမည်ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥက္က၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္က၊ တိုင်းရင်းဆေး ဆရာကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်း၊ အမှူထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ