the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကျင်းပ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ (၂/၂၀၂၄) အစည်းအဝေးကို ယနေ့ (၁၆-၈-၂၀၂၄)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ တွဲဖက်အတွင်းရေးမှူး ဆေးဝါးနှင့်ဥယျာဉ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းနှင့် ဗဟိုတိုင်းရင်းဆေးဝါး  ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနမှူး/ ကျန်းမာရေးဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)  ပါမောက္ခ(ဆေးပညာ)၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ဆေးဝါးဗေဒဌာန ပါမောက္ခ/ဌာနမှူး၊ တိုင်းရင်းဆေးတက္ကသိုလ် ဆေးပညာဌာနနှင့် ဆေးဝါးဗေဒဌာနမှ ပါမောက္ခ/ဌာနမှူးများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားဖိတ်ကြားထားသောပညာရှင်တို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ