the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် တိုင်းရင်းဆေးဝါးဆိုင်ရာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် အသိအမှတ်ပြု (Good Manufacturing Practice(GMP) Certificate) သက်တမ်းတိုးလက်မှတ်ထုတ်ပေးနိုင်ရေးစစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးသည် တိုင်းရင်းဆေးဝါးဆိုင်ရာကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် အသိအမှတ်ပြု (Good Manufacturing Practice (GMP) Certificate)သက်တမ်းတိုး လျှောက်ထားလာသော ရန်ကုန်မြို့မှ တိုင်းရင်း‌ဆေးဝါးစက်ရုံ (၂)ရုံ ဖြစ်သည့် FAME Pharmaceuticals Co. Ltd, သို့ ၂၈-၅-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ U Tha Yin Medicine Hall and Lwin Myint Aung Industrial Co. Ltd. သို့ ၂၉-၅-၂၀၂၅ ရက်နေ့တွင် လည်းကောင်း စိစစ်အကဲဖြတ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် အစားအသောက်နှင့်‌ဆေးဝါးကွပ်ကဲ‌ရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးဝါးတက္ကသိုလ် (ရန်ကုန်)၊ ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၊ မြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(အင်းစိန်)တို့မှ တာဝန်ရှိသူများနှင့် အတူ သွားရောက်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံများမှ တာဝန်ရှိသူများက မေးမြန်းသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

ဆက်လက်၍ ၂၉-၅-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တိုင်းရင်း‌ဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ISO 9001:2015 အရည်အသွေးစီမံခန့်ခွဲမှု အသိအမှတ်ပြု လက်မှတ်ရရှိခဲ့သည့်  ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်‌ရေးလုပ်ငန်းသို့ သွားရောက်၍ ‌ဆေးဝါးထုတ်လုပ်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း