the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဒုတိယဆေးရုံအုပ် ဦးဆောင်သော အထွေထွေရောဂါကုဌာနမှ ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာ/ဆရာမများပါဝင်သော (၁၀)ဦးအဖွဲ့သည် (၂၃.၆.၂၀၂၄)ရက်နေ့တွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာရှိ သုဇနကာရီ (နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ပရဟိတသာသနာပြုကျောင်းတွင် နံနက်(၉:၀၀) နာရီ မှ နေ့လည်(၁၂:၀၀)နာရီအထိ ကျန်းမာရေးအသိပညာတိုးပွားစေရန်အတွက် ဒုတိယဆေးရုံအုပ်မှ တစ်ကိုယ်ရေ ကျန်းမာရေးနှင့်မိုးရာသီ၌ဖြစ်ပွားတတ်သော ရောဂါများအကြောင်းအား ကျန်းမာရေးအသိပညာပေးဟောပြောပြီး ဟောပြောပွဲတက်ရောက်သူဦးရေ (၉၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးကုသပေးရာ တွင် စုစုပေါင်းလူနာ (၉၃)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း