ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူ တိုင်းရင်းဆေးကုဌာနမှ (၂၂) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအကြို ၁၇.၁၁.၂၀၂၃ ရက်နေ့ သောကြာနေ့တွင် မြိုင်ကြီးငူ တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးချစ်ညွန့် သည် မြိုင်ကြီးငူအထူးဒေသ မြလေးမြိုင်ရပ်ကွက် အ. မ. က မူလွန် ကျောင်း၌ ဆောင်ရွက်ခဲ့ပြီး လူနာ ကလေး ကျား ၁၁ ဦး၊ ကလေး မ ၂၃ ဦး စုစုပေါင်း လူနာ ၃၄ ဦးအား တိုင်းရင်းဆေးဖြင့် ကုသမှုပေးခဲ့ပြီး ကွင်းဆင်းကုသမှုပေးခြင်းနှင့်အတူ ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းများလည်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။