ကရင်ပြည်နယ် ဘားအံမြို့ နယ်တိုင်းရင်းဆေးကုဌာနမှ ၁၆.၉.၂၀၂၄ ရက်နေ့တွင် အ.မ.က.၃ မူလွန် ရေဘေးကယ်ဆယ်ရေးစခန်း၌ ဘားအံမြို့ နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်နှင့် ဘားအံခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်းတို့သည် ကျား (၁၀)ဦး မ (၁၉)ဦး စုစုပေါင်း (၂၉) ဦး ကုသမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။