(၂၂) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲအကြို ကွင်းဆင်းဆေးကုသခြင်းကို ၁၈.၁၁.၂၀၂၃ ရက်နေ့ စနေနေ့၌ ခုတင် ၅၀ ဆံ့ တိုင်းရင်းဆေးရုံ ဘားအံနှင့် ဘားအံမြို့နယ် တိုင်းရင်းဆေးဆရာအသင်းတို့မှ ပူးပေါင်း၍ အမှတ် ၅ ရပ်ကွက် ဘားအံမြို့၌ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆေးကုခြင်းတွင် ဘားအံမြို့နယ် တိုင်းရင်းဆေးဆရာအသင်း ဥက္ကဌ ဆရာ ဦးအောင်ပွင့်၊ ဆေးရုံအုပ် ဦးသိန်ထွန်း၊ တိုင်းရင်းဆေးမှူး ဒေါ်သီသီခိုင်၊ တိုင်းရင်းဆေးမှူး ဒေါ်ချောစုလှိုင်၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နွေဦးခင်၊ သူနာပြု (၃) ဒေါ်နန်းနွယ်လွင် တို့မှ ကွင်းဆင်းဆေးကုသမှု ပေးခဲ့ရာ လူနာလူကြီးကျား ၉ ဦး ၊ကလေးကျား ၁ ဦး၊ လူကြီးမ ၂၅ ဦး၊ ကလေး မ ၁ ဦး စုစုပေါင်း လူနာ ၃၆ ဦးကုသမှုပေးခဲ့ကြောင်း သိရသည်။