၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် Continuing Traditional Medical Education (CTME) Programme အခမ်းအနားကို ကရင်ပြည်နယ် တိုင်းရင်းဆေးပညာဉီးစီဌာနမှူးရုံးမှ ဦးဆောင်၍ ခုတင် (၅၀)ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သဘာပတိအဖြစ် ပြည်နယ်ဉီးစီးဌာနမှူး ဒေါ်စိုးစိုးယဉ်မှ ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ခုတင် (၅၀)ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိသက်မွန်မှ ဆောင်ရွက်ခဲ့ပြီး “အရိုးပွရောဂါစာတမ်းကို” ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်းမှ ဖတ်ကြားခဲ့ပြီး လူဦးရေ (၃၀)ဦး တက်ရောက်ကာ ဆရာ၊ ဆရာမများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




