the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ခုတင် ၅၀ဆံ့ဘားအံ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် "ပန်းနာရင်ကျပ်ရောဂါ "ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်  CTME အခမ်းအနားကို ခုတင် ၅၀ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ၌ ပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်စိုးစိုးယဉ် မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် သူနာပြု ၃ ဒေါ်နန်းနွယ်လွင် မှ ဆောင် ရွက်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားတွင် "ပန်းနာရင်ကျပ်ရောဂါ" စာတမ်းကို သံတောင်ကြီး မြို့နယ် တိုင်းရင်းဆေးကုဌာနှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာချိုမှ ရေးသားပြီး ဘားအံခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်း က ဖတ်ကြားပါသည်။ တက်ရောက်လာသော ဆရာဆရာမများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြပါသည်။

အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဆရာမများ နှင့် ပြည်နယ်/ခရိုင် တိုင်းရင်းဆေးရုံ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ ဆရာမ များ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း