the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ခုတင် ၅၀ဆံ့ဘားအံ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် "ပန်းနာရင်ကျပ်ရောဂါ "ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပခြင်း

၂၀၂၃ ခုနှစ် ၊နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်  CTME အခမ်းအနားကို ခုတင် ၅၀ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ၌ ပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ပြည်နယ်ဦးစီးဌာနမှူး ဒေါ်စိုးစိုးယဉ် မှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် သူနာပြု ၃ ဒေါ်နန်းနွယ်လွင် မှ ဆောင် ရွက်ခဲ့ ပါသည်။

အဆိုပါအခမ်းအနားတွင် "ပန်းနာရင်ကျပ်ရောဂါ" စာတမ်းကို သံတောင်ကြီး မြို့နယ် တိုင်းရင်းဆေးကုဌာနှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ခင်မာချိုမှ ရေးသားပြီး ဘားအံခရိုင် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသဉ္ဇာဝင်း က ဖတ်ကြားပါသည်။ တက်ရောက်လာသော ဆရာဆရာမများမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ ကြပါသည်။

အဆိုပါအခမ်းအနားကို ကရင်ပြည်နယ်တိုင်းရင်းဆေးဆရာအသင်းမှ ဆရာဆရာမများ နှင့် ပြည်နယ်/ခရိုင် တိုင်းရင်းဆေးရုံ မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ ဆရာမ များ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ