ကရင်ပြည်နယ် ခုတင်၅၀ဆံ ဘားအံတိုင်းရင်းဆေးရုံမှ ၁၆.၉.၂၀၂၄ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူးဒေါ်ကေဇင်စိုးနှင့်ဒေါ်နိုင်နိုင်ဝင်းတို့သည် အမှတ်၆ရပ်ကွက်ရှိ အ.မ.က (၇) တွင်ဖွင့်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း၌ လူနာဦးရေကျား (၈)ဦး၊ မ (၉) ဦး စုစုပေါင်း ၁၇ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။