ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့ကို ကြိုဆိုသောအားဖြင့် ဘားအံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ်သည် ဘားအံမြို့ယက္ကန်းကျောင်းသို့သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ မလူကြီး (၂၄)ဦးအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။