ကရင်ပြည်နယ်၊ ခုတင် (၅၀) ဆံ့ ဘားအံတိုင်းရင်းဆေးရုံမှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် ကရင်ပြည်နယ်တိုင်းရင်းဆေးပညာဉီးစီးဌာနမှ ဉီးဆောင်၍ တိုင်းရင်းဆေးပညာစဉ်ဆက် မပြတ်ပညာပေးရေးအစီအစဉ် CTME အခမ်းအနား ကို ခုတင် (၅၀) ဆံ့ ဘားအံ တိုင်းရင်းဆေးရုံ၌ ပြုလုပ်ခဲ့ပါသည်။ ခုတင် (၅၀) ဆံ့ ဘားအံ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးမှူး ဒေါ်ချောစုလှိုင်က “အဖောရောဂါ” စာတမ်းအား ဖတ်ကြားခဲ့ပြီး တက်ရောက်သူ (၂၃) ဉီးမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။