the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ဆေးဖက်ဝင်အပင်များနှင့် နွေရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်း အသိပညာပေးဟောပြော၍ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မြဌေး ဦးဆောင်၍ ဆရာ/ဆရာမများသည် (၂၃-၅-၂၀၂၄)ရက်နေ့တွင် နန်းကွေ့ရပ်ကွက်ရှိ ဓမ္မပာရဂူ ကျောင်းတိုက်သို့ ကွင်းဆင်း၍ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာ လူနာ ကျား(၂၆)ဦး၊ လူနာ မ(၁၉)ဦးအား ဆေးကုသပေးခဲ့ပြီး “ဆေးဖက်ဝင်အပင်များနှင့် နွေရာသီတွင်ဖြစ်တတ်သော ရောဂါများအကြောင်း” အသိပညာပေးဟောပြောခဲ့ရာ (၅၂)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း