ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ပူတာအိုမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှုး ဦးဇော်ဝင်း သည် (၈၊၅၊၂၀၂၅)ရက်နေ့တွင် ဆာရ်းခွမ်ဒမ်းကျေးရွာပြည်သူလူထုအား (အစာမကြေရောဂါ) အကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ တက်ရောက်သူ(၄၅)ဦး ဆေးကုသလူနာ ကျားလူကြီး(၁၃)ဦး၊ မလူကြီး(၄၂)ဦး ကျားကလေး(၉)ဦး မ ကလေး(၉)ဦး စုစုပေါင်း(၇၃)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး (၂၂၊၅၊၂၀၂၅)ရက်နေ့တွင် ဇီးအွန်ကျေးရွာနေပြည်သူများအား အရိုးကျီးပေါင်း ရောဂါအကြောင်း ဟောပြောခဲ့ပြီး တက်ရောက်သူ (၅၀)ဦးခန့်ရှိပြီး ကျားလူကြီး(၁၈)ဦး မလူကြီး(၂၈)ဦး ကျားကလေး(၁)ဦး၊ မကလေး(၃)ဦး စုစုပေါင်းလူနာ(၅၀)ဦးအားကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
