ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန ခုတင်(၅၀)ဆံ့ မြစ်ကြီးနားတိုင်းရင်းဆေးရုံမှ (၁၊၂၊၂၀၂၄)ရက်နေ့တွင် ဆေးရုံအုပ် ဒေါ်မြဌေး၊ ဦးဆောင်သောကွင်းဆင်းဆေးကုသရေးအဖွဲ့သည် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် ဓမ္မဗိမာန်ကြီး၌ ကွင်းဆင်းဆေးကုသပေးခဲ့ရာ လူကြီးကျား(၁၀)ဦး လူကြီးမ(၂၄)ဦးအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။