တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ခြင်း
Wed , Mar 27 2024 - 10 amတိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၄-၃-၂၀၂၄ရက်နေ့ နံနက် ၉:၀၀နာရီ အချိန်တွင် ကျိုင်းတုံ တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စာတမ်းဖတ်ပွဲ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ကျိုင်းတုံခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး၊ တိုင်းရင်းဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ကျိုင်းတုံမြို့နယ်တိုင်းရင်းဆေးမှူး၊တာချီလိတ်ခရိုင် တိုင်းရင်းဆေးဆရာအသင်းနှင့် မြို့နယ်လက်ထောက်တိုင်းရင်းဆေးမှူး၊ ကျိုင်းတုံခရိုင်၊မြို့နယ် တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ၊ဆရာမများ၊ စိတ်ပါဝင်စားသူများ၊ဖိတ်ကြားထားသောဧည့်သည်တော်များ (၄၁)ဦးတက်ရောက်ကြပါသည်။ စာတမ်းဖတ်ပွဲတွင် စာတမ်းရှင် မိုင်းယောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဆရာဦးဝေဇော်မှ မီးယပ်အဖြူဆင်းရောဂါအကြောင်း ဖတ်ကြားပါသည်။
မာရဝိဇယဘုရားကြီးတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြုလုပ်မည့်နေရာတွင်
မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးဆရာအသင်းတို့ပူးပေါင်း၍ တပေါင်းလပြည့် တိုင်းရင်းဆေးသမားတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကျစ်စုံပွေး ကျေးရွာ၊အထက စာသင်ကျောင်းတွင် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ
၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်၌ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကယားပြည်နယ် ယာယီနေရပ်စွန့် ဝန်ထမ်းများအား ထောက်ပံ့ပစ္စည်းများ ပေးဝေ
Mon , Mar 11 2024 - 07 amရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၁၀-၃-၂၀၂၄ ရက်နေ့တွင် ကယားပြည်နယ် ယာယီနေရပ်စွန့် ဝန်ထမ်းများအား