the republic of the union of myanmar

ministry of health

Department of Traditional Medicine

ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ နေပြည်တော် CTME- ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ

(၂၃.၆.၂၀၁၈)ရက် (စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားကိုအစီအစဉ်(၇)ရပ်ဖြင့်ကျင်းပပြီး သဘာပတိအဖြစ် ဆရာကြီးဦးအောင်ကျော်မင်း (ပါမောက္ခ/ဌာနမှူး(ငြိမ်း))၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှ ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒေါ်ခင်ဆွေမော်(ဒု-တိုင်းရင်းဆေးမှူး)နှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်နန်းမြတ်ပန်းအိသွယ် (လ/ထတိုင်းရင်းဆေးမှူး)တို့ကဆောင်ရွက်ခဲ့ပါသည်။ “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” စာတမ်းကိုခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆရာမဒေါ်အေးမြသိင်္ဂီ (တိုင်းရင်းဆေးမှူး) ကဖတ်ကြားပြီးဆရာ၊ ဆရာမ (၄၈)ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထား သူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြု သုံးသပ် ချက်များ ကိုဆရာ၊ ဆရာမကြီးများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကိုနံနက် (၁၂း၀၀) နာရီတွင် ပြီးဆုံးခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ