the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီး၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ် CTME-ဆီးချိုသွေးချိုအနာရောဂါ

(၂၇.၆.၂၀၁၈)ရက် (ဗုဒ္ဓဟူးနေ့)တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေး ပညာဦးစီးဌာနမှူးရုံးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချို သွေးချိုအနာရောဂါ” ခေါင်းစဉ်ဖြင့် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ပုသိမ်၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားတွင်သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဆရာကြီးဦးသိန်းဝင်း၊ ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)မှ ဆောင်ရွက်ပြီး၊ “ဆီးချို သွေးချိုအနာရောဂါ” စာတမ်းကို မြန်အောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာမဒေါ်ကေသီခိုင်(မြို့နယ်တိုင်းရင်းဆေးမှူး) ကဖတ်ကြားပြီးပြင်ပတိုင်းရင်းဆေးဆရာအပါအဝင် ဆရာ၊ဆရာမစုစုပေါင်း(၁၈)ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ