(၂၃.၆.၂၀၁၈)ရက် (စနေနေ့)တွင် မွန်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ မော်လမြိုင်မြို့တို့ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေး ပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချို၊ သွေးချိုအနာ” ခေါင်းစဉ်ဖြင့် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊မော်လမြိုင်မြို့၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားကိုသဘာပတိအဖြစ် မွန်ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး၊ ဦးအောင်သန်းဝင်းကဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက ဆောင်ရွက်ခဲ့ပါသည်။ “ဆီးချို၊သွေးချိုအနာ” ရောဂါစာတမ်းကို ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ၊ မော်လမြိုင်မြို့မှ တိုင်းရင်းဆေးမှူးဆရာမဒေါ်အေးနှင်းစိုးက ဖတ်ကြားပြီးဆရာ၊ ဆရာမစုစုပေါင်း(၄၄)ဦးတ က်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသော ဆရာ၊ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့်အကြံပြု သုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြောင်းဒေါ်စန်းသီတာလှိုင် (လက်ထောက်တိုင်းရင်းဆေးမှူး)နှင့် ဒေါ်နော်သိမ့်သိမ့်ဟန် (လက်ထောက်တိုင်းရင်းဆေးမှူး)တို့မှ မှတ်တမ်းတင်ဆောင်ရွက်ခဲ့ပါသည်။