(၁၄.၆.၂၀၁၈)ရက် (ကြာသပတေးနေ့)တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းတို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုအနာ” ခေါင်းစဉ်ဖြင့် ခုတင် (၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ မန္တလေး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ပါသည်။
၎င်းအခမ်းအနားတွင်သဘာပတိအဖြစ် ဆရာကြီးဦးမြင့်လွင်တိုင်းရင်းဆေးသိပ္ပံကျောင်းအုပ်(ငြိမ်း)၊ တိုင်းရင်းဆေးအကြံပေးအဖွဲ့၊ အဖွဲ့ဝင်နှင့် ဆရာကြီးဦးတင်၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန(ရုံးချုပ်) နေပြည်တော် တို့မှဆောင်ရွက်ပြီး၊ “ဆီးချိုအနာ”စာတမ်းကို ဆရာမဒေါ်ခင်သူဇာ (လ/ထတိုင်းရင်းဆေးမှူး)က ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးနှင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံမှဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် အလုပ်သင်ဆရာ၊ ဆရာမများစုစုပေါင်း(၆၂)ဦးတို့ တက်ရောက်ခဲ့ပြီး တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီးအခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။