(၂၄.၆.၂၀၁၈)ရက် (တနင်္ဂနွေနေ့)တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံး၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ မကွေးမြို့၊ ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုအနာရောဂါ” ခေါင်းစဉ်ဖြင့် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ မကွေးတွင်ကျင်းပခဲ့ပါသည်။
၎င်းအခမ်းအနားတွင် “ဆီးချိုအနာရောဂါ”စာတမ်းကို မကွေးတိုင်းဒေသကြီး တိုင်းရင်းဆေး ပညာ ဦးစီးဌာနမှူး၊ မကွေးခရိုင် တိုင်းရင်းဆေးဆရာအသင်းဥက္ကဋ္ဌ၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ ခရိုင်တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ၊ဆရာမများနှင့်ပြင်ပဆေးဆရာ အပါအဝင် စုစုပေါင်း(၄၆)ဦးတို့ တက်ရောက်ခဲ့ပြီးတက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။