the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကယားပြည်နယ်၊ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ လွိုင်ကော်မြို့၌ CTME “ဆီးချိုအနာရောဂါအားလေ့လာခြင်း”

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(၂၈.၆.၂၀၁၈)ရက် (ကြာသပတေးနေ့)တွင် ကယားပြည်နယ် တိုင်းရင်းဆေးပညာဦးစီး ဌာနမှူးရုံး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းနှင့် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ လွိုင်ကော်မြို့တို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသောတိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုအနာရောဂါအားလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံလွိုင်ကော်မြို့ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားတွင် “ဆီးချိုအနာရောဂါအားလေ့လာခြင်း” စာတမ်းကို (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ ဒီးမော့ဆိုမြို့မှ ဆရာဦးစိုးထက် (ဒု-တိုင်းရင်းဆေးမှူး)က ဖတ်ကြားပြီး ကယားပြည်နယ်အတွင်းရှိ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ၊ ဆရာမများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူ များနှင့်တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်း ဆွေးနွေးမှုများနှင့် အကြံပြုသုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ