၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် လစဉ်ကျင်းပမြဲဖြစ်သော စဉ်ဆက် မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သဘာပတိအဖြစ် တိုင်းရင်းဆေးတက္ကသိုလ်မှ ဒုတိယပါမောက္ခ (ငြိမ်း) ဆရာကြီး ဦးသန်းအုန်းက ဆောင်ရွက်ခဲ့ပြီး ဟောပြောသူ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ နေပြည်တော်မှ တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်း၊ စာတမ်းကြီးကြပ်သူ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ နေပြည်တော်မှ အကြီးတန်းတိုင်းရင်းဆေးမှူး ဒေါ်ခင်မျိုးမြင့် တို့က “အစာမကြေရောဂါ” အကြောင်းကို ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လ/ထ ညွှန်ကြားရေးမှူးများ၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်၊ ဒုတိယဆေးရုံအုပ်၊ ဒု-တိုင်းရင်းဆေးမှူးများ၊ တိုင်းရင်းဆေးပညာရှင်များနှင့် စိတ်ဝင်စားသူများ တက်ရောက်ကြပါသည်။ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးအစီအစဉ်ကို လစဉ် တတိယအပတ် စနေနေ့တိုင်း ကျင်းပပြုလုပ်လျက်ရှိပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကာ သဘာပတိက ပြန်လည်ဖြေကြားပြီး အခမ်းအနားကို နေ့လယ် ၁၂:၀၀ တွင် ရုတ်သိမ်းခဲ့ပါသည်။