the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်တွင် “ဆီးချိုကြောင့်ဖြစ်သော သွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ်တွင် “ဆီးချိုကြောင့်ဖြစ်သော သွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် (CTME) အခမ်းအနားကျင်းပခြင်း

               (၂၃. ၆. ၂၀၁၈) ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဖွံ့ဖြိုးရေးဌာနစိတ်နှင့်  ခုတင်(၁၀၀)ဆံ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်းဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားကိုအစီအစဉ်(၇)ရပ်ဖြင့်ကျင်းပပြီး သဘာပတိအဖြစ် ဆရာကြီး ဦးအောင်ကျော်မင်း(ပါမောက္ခ/ဌာနမှူး(ငြိမ်း))၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမှဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒေါ်ခင်ဆွေမော် (ဒု-တိုင်းရင်းဆေးမှူး)နှင့်တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်နန်းမြတ်ပန်းအိသွယ် (လ/ထ-တိုင်းရင်းဆေးမှူး)တို့ကဆောင်ရွက်ခဲ့ပါသည်။ “ဆီးချိုကြောင့်ဖြစ်သောသွေးကြောပိတ်နာ”စာတမ်းကိုခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆရာမဒေါ်အေးမြသိင်္ဂီ (တိုင်းရင်းဆေးမှူး)ကဖတ်ကြားပြီးဆရာ၊ ဆရာမ(၄၈)ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ/ဆရာများမှ မေးမြန်းဆွေးနွေးမှု့များနှင့်အကြံပြုသုံးသပ် ချက်များကိုဆရာ/ဆရာမကြီးများကပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကို နံနက် (၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ