the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးမှ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များနှင့် ပတ်သက်၍ ပယ်ဖျက်ခြင်း/ ပြင်ဆင်ခြင်း/ ဆက်လက် ကျင့်သုံးခြင်းတို့အားအကြောင်းကြားခြင်းကိစ္စ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၈ (၂၂၇၆) 

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊  ဇွန်  လ     ၄     ရက်

သို့

တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူး

တိုင်းရင်းဆေးပညာဦးစီးဌာန 

----------------------- တိုင်းဒေသကြီး/ပြည်နယ် 

 

အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးမှလိုက်နာဆောင်ရွက်ရန်သတ်မှတ်ချက်များနှင့်ပတ်သက်၍ ပယ်ဖျက်ခြင်း/ပြင်ဆင်ခြင်း/ဆက်လက် ကျင့်သုံးခြင်းတို့အားအကြောင်းကြားခြင်းကိစ္စ။ 

ရည်ညွှန်းချက်။ (၁) တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ (၄-၄-၂၀၁၇) ရက်စွဲပါ  

                          စာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၇ ( ၁၂၇၃ ) 

                (၂)ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊EMERGENCY OPERATION CENTER တွင် (၅-၁-၂၀၁၈)ရက်နေ့၌ကျင်းပြုလုပ်သည့် တိုင်းရင်းဆေးဝါးနှင့်ဆေးပညာရပ်ဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့ဖွဲ့စည်းနိုင်ရေးနှင့် တာဝန်ဝတ္တရားများရေးဆွဲရေးအတွက် ညှိနှိုင်းအစည်းအဝေး

၁။      တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး((၁/၂၀၁၇/(၂/၂၀၁၇)/(၄/၂၀၁၇))တို့မှ လိုက်နာဆောင်ရွက်ရန်သတ်မှတ်ချက်များနှင့်ပတ်သက်၍ပယ်ဖျက်သည့်အချက်များဖြေလျှော့ပြင်ဆင်ချက်များနှင့်ဆက်လက်ဆောင်ရွက်ရန်အချက်များအား အောက်ပါအတိုင်း အကြောင်းကြားအပ်ပါသည်-

(က)   ပယ်ဖျက်သည့်အချက်များ

က -၁။  ကြာရှည်စွဲသုံးနိုင်သောဆေးများတွင် သွေးတိုး၊ သွေးချိုဆီးချိုရောဂါရှိသူများ သုံးစွဲရန်မသင့် မှတ်ချက်ထည့်သွင်းဖော်ပြရန် ရှိပါက “ကြာရှည်စွဲသုံးလိုပါက တတ်ကျွမ်းသောဆေးပညာရှင်၏ညွှန်ကြားချက်အတိုင်းသုံးစွဲရန်”စာသားအားဖော်ပြရန်၊အမြဲမသုံးစွဲသောဆေးများတွင်ဖော်ပြရန်မလို။ (၂/၂၀၁၇)

က -၂။  တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်/သက်တမ်းတိုး)လျှောက်ထားလာသော တိုင်းရင်းဆေးဝါးများ၏ ထုတ်လုပ်ပုံလုပ်ငန်းအဆင့်ဆင့်အား ဆေးဝါး မှတ်ပုံတင်ဌာနမှ Format ချပေးသည့်အတိုင်းတင်ပြရန်။  (၄/၂၀၁၇)

က -၃။  တံဆိပ်ပတ်တွင် ဆေးပြား(၁)ပြား/ဆေးတောင့်(၁)တောင့်၏ အလေးချိန် (Net weight)အားမီလီဂရမ်ဖြင့် ဖော်ပြရန်။ (၄/၂၀၁၇)

(ခ)    ဖြေလျှော့ပြင်ဆင်ချက်များ

ခ -၁။  အင်္ဂလိပ်ဘာသာအားဘာသာပြန် ထောက်ခံချက် တင်ပြရန် မလိုသော်လည်း အခြားဘာသာများအတွက် ဘာသာပြန်ထောက်ခံချက် ပူးတွဲတင်ပြရန်

ခ -၂။  အစည်းအဝေးဆုံးဖြတ်ချက်များအရ ပြင်ဆင်ပြီးဖြစ်သောတံဆိပ်ပတ်များ အတိုင်းသာစျေးကွက်တွင်ရောင်းချရန်၊ ဌာနမှလိုအပ်၍ ပြင်ဆင်သော အချက်များအား တိကျစွာလိုက်နာရန်၊ အညွှန်းတွင်ပြင်ဆင် ဖော်ပြချက်များ အားမပြင်ဆင်ဘဲစျေးကွက်တွင် ရောင်းချခြင်းမပြုရန်နှင့် PMS ကောက်ယူ စစ်ဆေးရာတွင် လိုက်နာခြင်းမရှိကြောင်းတွေ့ရှိရပါက ထုတ်လုပ်သူမှ ပြင်ဆင်နိုင်ရန်အတွက် အသိပေးဆောင်ရွက်ရန်။

ခ -၃။  ဆေးအညွှန်းများနှင့်ပတ်သက်၍ Reference/ အထောက်အထားများ တင်ပြပါက Peer Review Journal/ Pharmacopoeia/ Monograph ကဲ့သို့သောခိုင်လုံသောကျမ်းကိုးအထောက်အထားများ (သို့မဟုတ်) အင်တာနက်မှ ကူးယူဖော်ပြချက်များ၊ တိုင်းရင်းဆေးကျမ်းများတွင် ပါရှိသည့် အထောက် အထားများကိုလည်းတင်ပြနိုင်သည်။

ခ -၄။  ဆေးဝါးမှတ်ပုံတင်၊ထုတ်လုပ်ခွင့်လိုင်စင်(အသစ်)များ လျှောက်ထားခြင်း၊ ထုတ်ယူခြင်းကိစ္စများအတွက် ကိုယ်စားလှယ်လာရောက် ဆောင်ရွက်ပါက အဆိုပါတိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း ကိစ္စအဝဝနှင့်ပတ်သက်၍ ဖြေဆိုနိုင်သူ ဖြစ်ရန် လိုအပ်သည်။ (၂/၂၀၁၇)

(ဂ)    ဆက်လက်ဆောင်ရွက်ရန်အချက်များ

ဂ -၁။  ဘောစကိုင်းပင်အားအဝေရာပင် ဟုသာသုံးနှုန်းရန်။ (၂/၂၀၁၇)

ဂ -၂။  ဆေးမှုန့်၊ ဆေးရည်များတွင် ဇွန်းများတပါတည်းထည့်သွင်းရန် မလိုတော့ပါ။ (၂/၂၀၁၇)

၂။      တိုင်းရင်းဆေးပညာဦးစီးဌာန၏ (၄-၄-၂၀၁၇)ရက်စွဲပါစာအမှတ်၊ တဆပ/ဆေးဝါး/၂၀၁၇ (၁၂၇၃)ဖြင့် ထုတ်ပြန်ထားသည့် သိရှိလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အား ဤစာဖြင့် လွှမ်းခြုံပယ်ဖျက်လိုက်သည်။

 

 

(ကျော်သိန်းဌေး)

ဥက္ကဌ

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတ

မိတ္တူကို- 

          ခေတ္တညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

          ဥက္ကဌ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့

          ဥက္ကဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)

          ဥက္ကဌ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း

          တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(မိမိလက်အောက်ဌာနများအားဆက်လက် အကြောင်းကြားဆောင်ရွက်ညွှန်ကြားချက်ဖြင့်)

          ရုံးလက်ခံ/ မျှောစာတွဲ

ပူးတွဲအပြည့််အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ