၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ (ရန်ကုန်)နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)တို့ပူးပေါင်း၍ ခုတင် ၁၀၀ ဆံ့တိုင်းရင်းဆေးရုံကြီး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သော တိုင်းရင်းဆေးပညာပေးစဉ် ဆက်မပြတ်တိုးတက်ရေးဆွေးနွေးပွဲကို ကလေးသူငယ်နာကုထုံးနှင့်ကလေးသူငယ်နာလေငန်းအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဆရာကြီးဦးဝင်းမောင်(အောင်တမန်ဆေးတိုက်)နှင့် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်)မှ တိုင်းရင်းဆေးမှူး၊ ဆရာမကြီး ဒေါ်သန်းသန်းအေးတို့မှ တင်ပြဆွေးနွေး ခဲ့ကြပါသည်။ အခမ်းအနားတက်ရောက်သူ ၅၄ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။