ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၂-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးသိန်းသည် ဒဂုံမြို့သစ် မြောက်ပိုင်း ပြည်သူ့ဆေးရုံတွင် လူထုကျန်းမာရေးလုပ်သား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်မြှင့်သင်တန်း (သင်တန်းကာလ၂၈ရက်) သင်တန်းသို့ သွားရောက်၍ သင်တန်းသား (၂၄)ဦး အား “မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် အဖြစ် အများဆုံးရောဂါ ဝေဒနာများအား ကာကွယ်ကုသနည်း” တိုင်းရင်းဆေးကုထုံးအချို့ အား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

