တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်း မြို့နယ်တိုင်း ရင်းကုဌာနမှ (၇-၂-၂၀၂၆) ရက်နေ့တွင် တောင်ရိုးပင် ကျေးရွာသို့ သွားရောက်၍ ကျား (၂၇)ဦး၊ မ (၃၅)ဦး၊ လူနာစုစုပေါင်း (၆၂)ဦးတို့အား ကွင်းဆင်းဆေး ကုသမှုပေးခဲ့ပြီး “ဒူးနာ၊ ခါးနာ ရောဂါအကြောင်း”ကို လူဦးရေ (၄၅)ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

