ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂-၂-၂၀၂၆) မှ (၇-၂-၂၀၂၆) ရက်နေ့အထိ အင်္ဂဗိုလ် ပရိယတ္တိ စာသင်တိုက်သို့သွားရောက်၍ သာသနာ့နုဂ္ဂဟ စာမေးပွဲဖြေဆိုနေသော သံဃာတော်များအား ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ ကျား (၆၀)ဦး၊ မ (၁၀)ဦး၊ စုစုပေါင်း (၇၀)ဦး အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

