the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ မှော်ဘီခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူထုကျန်းမာရေးလုပ်သား သင်တန်းတွင် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ (၉-၂-၂၀၂၆) ရက်နေ့ (နံနက်ပိုင်း)တွင် ဒုတိယတိုင်းရင်းဆေးမှူး ဦးညီညီစိုးသည် မှော်ဘီခရိုင်၊ လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ (၁၅-၁-၂၀၂၆) မှ (၂၈-၂-၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သည့် လူထုကျန်းမာရေး လုပ်သားသင်တန်းတွင် “မြန်မာ့တိုင်းရင်းဆေးပညာ အဓိပ္ပာယ်နှင့် အခြေခံသဘောတရားများ “နှင့် “ပြည်သူများတိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲရာတွင် သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၆၀)ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ