စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၂-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးစန္ဒာ ဦးဆောင်သော ကွင်းဆင်းဆေး ကုသရေးအဖွဲ့သည် စစ်ကိုင်းမြို့ ဇေယျာအခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ G-7၊ G-8၊ G-9 ကျောင်းသားများကို “တစ်ကိုယ်ရည်သန့်ရှင်းရေး လိုက်နာကျင့်သုံးတတ်စေရေး ရှောင်ရန်/ ဆောင်ရန်” တို့ကို အသိပညာပေးဟောပြောခဲ့ရာ စုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ကြပြီး ဆရာမ (၂၆)ဦး၊ G-1 မှ G-6 အထိ ကျား (၂၄၀)ဦး၊ မ (၁၃၆)ဦး၊ စုစုပေါင်း (၄၀၂)ဦးကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



