ရှမ်းပြည်နယ်၊ တောင်ပိုင်းပင်လုံမြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၃-၂-၂၀၂၆) ရက်နေ့တွင် (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲအား အ-မ-က (ပန့်မုန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်တိုင်းဆေးမှူး ဒေါ်စကားဝါမှ “တစ်ကိုယ်ရေးသန့် ရှင်းရေး အကြောင်း” ကျောင်းသား၊ ကျောင်းသူ (၈၀)ဦး တို့ကို ဟောပြောခဲ့ပြီး ကျား (၃၃)ဦး၊ မ (၄၃)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့် ရှောက်မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

