ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဖွင့်လှစ်သည့် လူထု ကျန်းမာရေး လုပ်သား (Community Healthcare Workers-CHW) သင်တန်းတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးသည် (၃-၂-၂၀၂၆) ရက်နေ့တွင် သင်တန်းသား၊ သင်တန်းသူ (၁၃)ဦးအား “တိုင်းရင်းဆေးပညာ အခြေခံသဘောတရားများနှင့် တိုင်းရင်းဆေးပညာရှင် မွေးထုတ်မှုသမိုင်းအကြောင်း” ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

