တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေ ဦးဆောင်သော အဖွဲ့သည် တံတားဦးမြို့၊ ကတိုးဆိပ်ကျေးရွာ၊ အလယ်တန်းစာသင်ကျောင်းသို့ သွားရောက်၍ (၃-၂-၂၀၂၆) ရက်၊ အင်္ဂါနေ့၊ နံနက် (၉:၀၀) မှ (၁၁:၀၀) အထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး အား “ဆေးဖက်ဝင်အပင်များ အကြောင်းနှင့် ကျောင်းကျန်းမာရေးအသိပညာပေး” ဟောပြောခဲ့ပြီး ကျား ကလေး (၃၅)ဦး၊ မ ကလေး (၅၀)ဦး၊ စုစုပေါင်း(၈၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

