the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်နှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်‌ဝိုင်း‌မေ ဦးဆောင်သောအဖွဲ့သည် တံတားဦးမြို့၊‌ ခေါင်းကွဲ‌ကျေးရွာ၊‌ မူလွန်‌ကျောင်းသို့သွားရောက်၍ (၂-၂-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝိုင်းမေမှ ကျောင်းသား၊ ကျောင်းသူ (၁၈၀)ဦးရေအား ဆေးဖက်ဝင်အပင်များ အကြောင်းနှင့် ကျောင်းကျန်းမာရေးအသိ‌ပညာပေး ဟောပြောခဲ့ ပြီး ကျား ကလေး (၃၀)ဦး၊ မ ကလေး (၄၅)ဦး၊ စုစုပေါင်း (၇၅)ဦးတို့အား ‌တိုင်းရင်းဆေးဖြင့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ