the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ခရိုင်တိုင်းရင်း ဆေးကုဌာနမှ ခရိုင်တိုင်းဆေးမှူး ဒေါ်သင်းသင်းဦး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်နေနွယ်လင်း နှင့် အကြီးတန်းစာရေး ဒေါ်ခင်မေသက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မြသန္တာထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ထားအိဝင်းတို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၂-၂-၂၀၂၆) ရက်၊ တနင်္လာနေ့ နံနက် (၉:၀၀)နာရီ မှ နေ့လည် (၁၂:၀၀) နာရီအထိ ကျောက်ပန်းတောင်မြို့ရှိ မြို့မမူလွန်ကျောင်းသို့ သွားရောက်၍ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများ အကြောင်းဟောပြောခဲ့ရာ လူဦးရေ (၂၀၀)ဦး တက်ရောက်ပြီး ကျား လူကြီး (၁၀)ဦး၊ မ လူကြီး (၄၈)ဦး၊ မ ကလေး (၇)ဦး၊ လူနာ စုစုပေါင်း (၆၅)ဦးတို့အား ကျောင်းကျန်းမာရေးကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ