အဆိုပါအခမ်းအနားတွင် အထွေထွေရောဂါကုသရေးဌာန ၊အလုပ်သင် Group 1 , မရွှေစင်ဦး (သင်-၄) နှင့် မောင်ကျော်ညီညီသက် (သင် -၃၁) တို့မှ အရိုးအဆစ်ရောင်ခြင်းကြောင့်ဖြစ်သော ဒူးနာ ရောဂါနှင့် ပတ်သက်၍ ကုသရေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ သဘာပတိအဖြစ် ဆေးရုံအုပ် ဒေါ်မီမီ၊ အခမ်းအနားမှူးများအဖြစ် လက်ထောက်တိုင်းရင်းဆေးမှူး ဦးဉာဏ်လင်းထွန်းတို့မှ ဆောင်ရွက်ခဲ့ပါသည်။ ဒုတိယဆေး ရုံအုပ်နှင့် ဆရာ/ဆရာမများ၊ လက်ထောက်ကထိက နှင့် နည်းပြများ၊ သူနာပြုဆရာမများ၊ အလုပ်သင်ဆရာ/ဆရာမများ စုစုပေါင်း (၇၃) ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



