တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်း ဦးဆောင်သောအဖွဲ့သည် (၂၉-၁-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ (၁၂:၀၀)နာရီအထိ ကျောက်ဆည်မြို့ အ.မ.က (၈) မူလွန်ကျောင်းသို့သွားရောက်၍ “ရာသီအလိုက်ဖြစ်တက်သောရောဂါများအကြောင်း” အသိပညာပေး ဟောပြောရာတွင် လူဦးရေ (၁၀၅)ဦး တက်ရောက်ခဲ့ပြီး ကျား လူကြီး (၁)ဦး၊ ကျား ကလေး (၃၅)ဦး၊ မ လူကြီး (၆)ဦး၊ မ ကလေး(၄၅)ဦး၊ စုစုပေါင်း (၈၇)ဦးအား ဆေးဝါးကုသခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



