ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အဆင့် လူထုကျန်းမာရေးလုပ်သား (Community Healthcare Worker-CHW) သင်တန်းကို (၁၅-၁-၂၀၂၆)မှ (၂၈-၂-၂၀၂၆) ရက်နေ့ထိ ဖွင့်လှစ်သည့် သင်တန်းတွင် (၂၉-၁-၂၀၂၆) ရက်နေ့တွင် ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် “တိုင်းရင်းဆေး အခြေခံသဘောတရားများနှင့် ဌာနသုံးတိုင်းရင်ဆေးဝါးများ အသုံးပြုပုံအကြောင်း” သင်တန်းသား ၊ သင်တန်းသူ (၁၀)ဦးတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
