ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီတို့၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် မြို့နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူးက သက်ကြီးပုဂ္ဂိုလ်များအား ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် (၂၈-၁-၂၀၂၆) ရက်နေ့ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀) နာရီအထိ သက်ကြီး ပုဂ္ဂိုလ် (၂၃)ဦးတို့အား “ကိုယ်လက်ကိုက်ခဲအကြောတက်ရောဂါ” အကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျား (၁၄)ဦး၊ မ (၃၈)ဦး၊ စုစုပေါင်း (၅၂)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။