the republic of the union of myanmar

ministry of health

Department of Traditional Medicine

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်း ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၇-၁-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဖြိုးစန္ဒာ ဦးဆောင်၍ မင်းကွန်းတိုင်းရင်းဆေးရုံမှ တွဲဖက်တာဝန် ထမ်းဆောင်နေကြသော ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်သဲအိလွင်၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်သက်မာဦး တို့ပါဝင်သော ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် စစ်ကိုင်းမြို့ ရွှေမင်းဝံအခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်၍ “ဆောင်းရာသီတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း” ကို ဟောပြောခဲ့ပြီး လူကြီး ကျား (၁၀၃)ဦး၊ လူကြီး မ (၁၇၀)ဦး၊ စုစုပေါင်း (၂၇၃)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ