ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မြို့နယ်အဆင့် လူထုကျန်းမာရေး လုပ်သား (Community Health Worker-CHW) သင်တန်းကို (၂၁-၁-၂၀၂၆)မှ (၂၈-၂-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သည့် သင်တန်းတွင် (၂၇-၁-၂၀၂၆) ရက်နေ့၌ တောင်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စောကလျာမျိုးသည် “ဆေးဖက်၀င် အပင်များ၏ အသုံး၀င်ပုံများနှင့် ဌာနသုံးတိုင်းရင်းဆေးဝါးများ အသုံးပြုပုံအကြောင်း” သင်တန်း သား/သင်တန်းသူ (၁၅)ဦးတို့အား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

