တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့(၂၅) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံမှ ဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန် ဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့ ပတ္တာ အ.မ.က ကျောင်းသို့သွားရောက်၍ (၂၇-၁-၂၀၂၆) ရက်နေ့၊ နံနက် (၉:၀၀)နာရီမှ (၁၀:၃၀) အထိ “တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်ကျင်သန့်ရှင်းရေး အကြောင်း” ကျောင်းသား၊ ကျောင်းသူ (၇၈)ဦးအား အသိပညာပေးဟောပြောခဲ့ပြီး ကျား ကလေး (၁၅)ဦး၊ မ လူကြီး (၅)ဦး၊ မ ကလေး (၂၅)ဦး၊ စုစုပေါင်း (၄၅)ဦးတို့အား တိုင်းရင်းဆေးဖြင့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



