ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေပညာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးဌာနမှူးနှင့် အဖွဲ့သည် (၂၆-၁-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၉:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ ချင်ဂလက်ဇီ ကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေးဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၁၂)ဦးနှင့် ဆရာ၊ ဆရာမ (၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



