the republic of the union of myanmar

ministry of health

Department of Traditional Medicine

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်း ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင်၊ ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည် သည် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၆-၁-၂၀၂၆) ရက်၊ တနင်္လာနေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် အမက (၁၂၀) ညောင်လှကျောင်းသို့ သွားရောက်၍ ကျောင်းသား (၃၀)ဦး၊ ကျောင်းသူ (၄၀)ဦး၊ စုစုပေါင်း          (‌၇၀)ဦးအား “အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် ပတ်သက်၍ လုပ်ဆောင်ရမည့် အချက်များ၊ လက်တွေ့ အသုံးချနိုင်သောဆေးဖက်ဝင်အပင်များအကြောင်း” အသိပညာပေး ဟောပြောခဲ့ပြီး  ကျား ကလေး (၁၀)ဦး၊ မ ကလေး (၂၀)ဦး၊ လူနာစုစုပေါင်း (၃၀)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ